Department of Higher Education

တက္ကသိုလ်၏သမိုင်း

  • လွိုင်ကော်ကောလိပ်  ၂၈-၉-၁၉၉၈ 
  • လွိုင်ကော်ဒီဂရီကောလိပ်  ၂၆-၆-၂၀၀၂
  • လွိုင်ကော်တက္ကသိုလ်  ၁၄-၅-၂၀၀၃
  • ဧကအကျယ်အဝန်း  ၁၅၈.၆၃ ဧက
  • ဖွဲ့စည်းပုံအရကျောင်းသားဦးရေ  ၅၀၀၀

လွိုင်ကော်တက္ကသိုလ်

တည်ထောင်ခြင်း နှင့် တည်နေရာ

၁။ တက္ကသိုလ်တည်ထောင်ခြင်း

            လွိုင်ကော်တက္ကသိုလ်ကို (၁၅) ရက် ၊ မေလ ၊ ၂၀၀၃ ခုနှစ် တွင် တက္ကသိုလ်အဖြစ် တည်ထောင်လိုက် သည်။

၂။ တက္ကသိုလ်အမည်

            လွိုင်ကော်တက္ကသိုလ်( Loikaw University )အဖြစ် တရားဝင်ဖွဲ့စည်းသည်။ တက္ကသိုလ်၏ အင်္ဂလိပ် အတိုကောက်အမည်မှာ “ Loikaw University ’’  ( LKU ) ဖြစ်ပါသည်။

၃။  တက္ကသိုလ်တည်နေရာ

            လွိုင်ကော်တက္ကသိုလ်သည် ကယားပြည်နယ်၊လွိုင်ကော်မြို့နယ် ၊လွိုင်ကော်မြို့ ၊ဒေါဥခူရပ်ကွက် အတွင်း၊ ပထဝီဝင်အနေအထားအရ မြှောက်လတ္တီကျု ၁၉ ဒီဂရီ ၄၀ မိနစ် နှင့် ၁၉ ဒီဂရီ ၄၁ မိနစ် ၅၀ စက္ကန့် အကြား ၊ အရှေ့လောင်တီကျု ၉၇ ဒီဂရီ  ၁၀ မိနစ် နှင့် ၉၇ ဒီဂရီ  ၃၀ မိနစ် အကြားတည်ရှိပြီး အကျယ်အဝန်း ၁၅၈.၆၃ ဧက ရှိပါသည်။ အရှေ့ဘက်တွင် ပြည်နယ်ဂေါက်ကွင်း၊ အနောက်ဘက်တွင် ထေးငှားလျားရပ်ကွက်၊ တောင်ဘက်တွင် ဆည်မြောင်းဦးစီးဌာန  ဝန်ထမ်းအိမ်ရာရပ်ကွက် နှင့် မြောက်ဘက်တွင် ပန်းသီရိဒေါ ရပ်ကွက်တို့ ရှိပါသည်။

၄။ တက္ကသိုလ်ကိုယ်ပိုင်အမှတ်တံဆိပ်

            တက္ကသိုလ်၏ အမှတ်တံဆိပ် နှင့် အဓိပ္ပာယ်မှာအောက်ပါအတိုင်းဖြစ်ပါသည်။

            ( University  Logo )    (တက္ကသိုလ်ကိုယ်ပိုင်အမှတ်တံဆိပ်)

  • Logo အမှတ်တံဆိပ်၏ အပေါ်ရှိ အပြာရောင်မှ ပညာရေးဝန်ကြီးဌာန၏ ကိုယ်စားပြုအရောင်ဖြစ်သည်။
  • Logo အမှတ်တံဆိပ်၏ အောက်ဖက်ရှိ နောက်ခံအရောင်အစိမ်းရောင်မှာ ညီညွတ်မျှတခြင်းနှင့်အေးချမ်း သာယာပြီး စိမ်းလန်းစိုပြေသည့် အဓိပ္ပါယ်ကို ဖော်ဆောင်ပါသည်။
  • Logo အတွင်းရှိ ဆီမီးခွက်နှစ်ခွက်ကို ကိုင်ဆောင်လျက် အတောင်ပံ့ဖြန်ထားသော ကိန္နရာအရုပ်မှာ ကယားပြည်နယ်အား ကိုယ်စားပြုပြီး ဆီမီးနှစ်ခွက်မှာ “ပညာ”၏ ထွန်းလင်းတောက်ပသည့် အဓိပ္ပါယ်ကို ဖော်ဆောင်သည်။
  • Logo ဘေး ဝဲ ၊ ယာ တွင် စပါးနှံမှာ မြန်မာနိုင်ငံ၏အဓိက စိုက်ပျိုးရေးသီးနှံဖြစ်သော ဆန်ရေစပါး ပေါများခြင်းကို အဓိပ္ပါယ်ဖော်ဆောင်သည်။
  • Logo ၏ အောက်ဘက် ဖဲကြိုးအဖြူရောင်၏ အလယ်တွင် “လွိုင်ကော်တက္ကသိုလ်” စာတမ်းကို အနက် ရောင်ဖြင့်ဖော်ပြထားသည်။