လွိုင်ကော်တက္ကသိုလ် သုတေသနဂျာနယ် Volume(11)၊ သုတေသနစာတမ်းဖတ်ပွဲတွင် ဆုရရှိခဲ့သော စာတမ်းရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာချီးမြှင့်ပွဲနှင့် သက်ပြည့်ပင်စင်အငြိမ်းစားယူမည့် သတ္တဗေဒဌာနမှ ပါမောက္ခ(ဌာနမှူး) ဒေါက်တာခိုင်ရွှေဝါဝင်းအား နှုတ်ဆက်ပွဲအခမ်းအနားကို ၂၁-၁၂-၂၀၂၀(တနင်္လာနေ့) ၊မွန်းလွဲ(၀၂:၀၀)နာရီတွင် လွိုင်ကော်တက္ကသိုလ်၊ Theatre Room တွင်ပြုလုပ်ခဲ့ပါသည်။
ဒုတိယပါမောက္ခချုပ်မှ အဖွင့်အမှာစကားပြောကြားစဉ် ဝိဇ္ဇာဘာသာရပ်တွင် ပထမဆုရရှိသောပထဝီဝင်ဌာနမှ ပါမောက္ခ(ဌာနမှူး) ဒေါက်တာမာလာယုအောင် မှ ဆုလက်ခံရယူစဉ်
ဝိဇ္ဇာဘာသာရပ်တွင် ဒုတိယဆုရရှိသောအရှေ့တိုင်းပညာဌာနမှ ပါမောက္ခ(ဌာနမှူး) ဒေါက်တာသက်သက်အောင် မှ ဆုလက်ခံရယူစဉ်
ဝိဇ္ဇာဘာသာရပ်တွင် တတိယဆုရရှိသောအရှေ့တိုင်းပညာဌာနမှ တွဲဖက်ပါမောက္ခ ဒေါက်တာသက်သက်ညွန့် မှ ဆုလက်ခံရယူစဉ်
သိပ္ပံဘာသာရပ်တွင် ပထမဆုရရှိသော ဓာတုဗေဒဌာနမှ ပါမောက္ခ(ဌာနမှူး) ဒေါက်တာခင်ခင်ဝေ မှ ဆုလက်ခံရယူစဉ်
သိပ္ပံဘာသာရပ်တွင် ဒုတိယဆုရရှိသော ရူပဗေဒဌာနမှ ဦးကျော်ဝေဦး(ကထိက) ကိုယ်စား ပါမောက္ခ(ဌာနမှူး) ဒေါက်တာစန်းစန်းဝေ မှ ဆုလက်ခံရယူစဉ်
သိပ္ပံဘာသာရပ်တွင် တတိယဆုရရှိသော ရုက္ခဗေဒဌာနမှ တွဲဖက်ပါမောက္ခ ဒေါက်တာမြင့်ခိုင် မှ ဆုလက်ခံရယူစဉ်
အငြိမ်းစားယူမည့် သတ္တဗေဒဌာနမှ ပါမောက္ခ(ဌာနမှူး) ဒေါက်တာခိုင်ရွှေဝါဝင်းအား ဒုတိယပါမောက္ခချုပ်ကအမှတ်တရလက်ဆောင်ပေးအပ်စဉ်